ဒီ ပို့စ်လေးက Mobile နဲ့ ပါတ်သက်တဲ့ website တော်တော်များများကနေ လေ့လာပြီး ပြန်တင်ထားတဲ့ ဟာလေးပါ။ အဲ့တော့ အားလုံးကို သိမ်းကြုံးပြီး credit ပေးလိုက်ပါတယ်။
ပထမဆုံး လိုအပ်တာလေး ဒေါင်းလိုက်ပါဦး
https://www.box.com/s/t32jigqzf1y4vpse2ibb (Password : pcclinic)
ကဲ ပြီး၇င်တော့ ဖြေချလိုက်ပေါ့ သင့်တော်တဲ့ တစ်နေရာရာမှာ ။
အထဲမှာပါတဲ့ folder တွေထဲက driver ဆိုတဲ့ ထဲမှာ InstallDriver ဆိုတာကို run ပေးလိုက်ပါ။
ဆက်လုပ်ရမှာက ဖုန်းကို ပါဝါပိတ် ဓါတ်ခဲဖြုတ်ပြီး ကွန်ပျူတာနဲ့ တွဲလိုက်ပါ။ volume up ကို နှိပ်ပြီး တွဲပါ။
device manager ကိုခေါ်ထားပါ။ driver တောင်းရင် စောစောက folder ထဲက မိမိကွန်ပျူတာနဲ့ သက်ဆိုင်ရာကို ညွန်းပေးလိုက်ပါ။
ပြီးရင်တော့ download လုပ်ထားတဲ့ ထဲက Flash tool ဆိုတဲ့ အပြာကလေးကို admin အနေနဲ့ run ပေးလိုက်ပါ။
ပြီးရင်တော့ Scatter loading နေရာကိုနှိပ်ပါ။ မိမိဒေါင်းလုပ်လုပ်ထားတဲ့ file ထဲက MT6577-Android_scatter_emcc ကိုတဲ့ Map file လေးကို ရွေးပေးလိုက်ပါ။
Open ကိုနှိပ်ပြီးတာနဲ့ BOOTINGဆိုတဲ့ေ နရာမှာ ကြည့်ပါ။ အမှန်ခြစ်လေး ပေးထားလားလို့ ။ ပေးထားရင် ရပြီး မပေးရသေးရင် ပေးလိုက်။ ဓါတ်ခဲ ပြန်တပ်ပါ။
Download ဆိုတာကို နှိပ်လိုက်ပါ။ ။ အ၀ါ အစိမ်း အနီလေးတွေ ပြေးနေပြီး အားလုံးပြီးသွားပါလိမ့်မယ်။
ပြန်ဖြုတ်ပြီး ပါဝါဖွင့်ကြည့်လိုက်ပါ လိုချင်တာလေးတွေ့ပါလိမ့်မယ်။
U8812 D ကို လုပ်ဖူးရင် ဒါလေးကိုလည်း လုပ်တတ်ကြမှာပါ။ အဆင်ပြေကြပါစေ။။။။။
Search This Blog
Tuesday, January 22, 2013
Wednesday, September 5, 2012
Xperia Arc S ကို ICS တင်ကြရအောင်
Arc S |
ပထမဆုံး ဒါလေးကို ဒေါင်းလိုက်ပါ။
Arc S 4.0.4 firmware
ဒေါင်းပြီးရင်တော့ rar ကို ဖြေလိုက်ပါ။ ဖြေတဲ့အခါမှာ အဆင်မပြေခဲ့ရင် 7zip ဆိုတဲ့ software လေးနဲ့လုပ်ပါ။
7zip Download link
ထပ်ပြီး ဒေါင်းစရာတွေ ရှိသေးပါတယ်။
အောက်က လင့်ကို ဒေါင်းပါဦး :D
.Flashtool
အားလုံးဒေါင်းလို့ပြီးရင် သင့်ဖုန်းကို Backup လုပ်ထားပါ။ ပြီးရင်တော့ Flashtool ကို Install လုပ်လိုက်ပါ။
ပထမဒေါင်းထားတဲ့ firmware ကို ဖြေပြီး C/flashtool/firmware ထဲကို ထဲ့ပါ။
ပြီးရင် C/flashtool/driver ထဲက flashtooldrivers.exe ကို run ပေးပါ။ အမှန်ခြစ်တွေ အကုန်သာပေးပြီး သွင်းလိုက်ပါ။
အားလုံးပြီးသွားတဲ့အခါ ကွန်ပျူတာကို restart ချပေးပါ။ ဖုန်းကိုလည်း ပါဝါပိတ်ထားလိုက်ပါ။
ကွန်ပျူတာ ပြန်တက်လာတဲ့အခါ flashtool ကို ဖွင့်ပါ။ flash ကို နှိပ်ပြီး flash mode ကိုရွေးပါ။
ဆက်ပြီး Lt18i firmware ကိုရွေးပါ။ No final verifacation ဆိုတာလေးကိုလည်း အမှန်ခြစ်ပေးထားပါ။
ပိတ်ထားသော ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပေးလိုက်ပါ။ ချိတ်ဆက်တဲ့အခါ Back Keyကို နှိပ်ထားပါ။
flashtool က အဆင့်ဆင့် လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးရင် သူ့ဟာသူ ဖုန်းဟာ ပြန်ပွင့်လာပါမယ်။
ဒီအခါ ICS အလန်းစားလေးနဲ့ Arc S ကိုတွေ့ပါလိမ့်မယ်။
အဆင့်ဆင့်ကို ပုံနှင့်တကွ ပြထားပါတယ။် အဆင်ပြေပါစေ။
Credit to MMAS and MMUG.
We love sharing!
Tuesday, August 21, 2012
Moborobo ကိုသုံးပြီး Android ဖုန်းတွေထဲ application သွင်းကြရအောင်
ဒီပို့စ်လေးကို သိပြီးသားလူတွေအတွက်တော့ လွယ်ပေမယ့် မသိသေးတဲ့သူတွေကို အထူးရည်ညွန်းရေးသားခြင်းဖြစ်ပါတယ်။ android ဖုန်းတွေကို အသုံးပြုသူတွေဟာ အများအားဖြင့် ဆိုင်မှာ သွင်းတယ်။ ဒါမှ မဟုတ် ဖုန်းထဲမှာတင် သွင်းလိုက်တယ်။ ခုပြောပြမှာက moborobo ဆိုတဲ့ Software လေးကို အသုံးပြုပြီး သွင်းတဲ့နည်းလေးပါ။
ပထမဆုံး Moborobo လေးကို ဒေါင်းလိုက်ပါ။
Download here
ပြီးရင်တော့ ကွန်ပျူတာထဲကို Install လုပ်လိုက်ပါ။
ထက်ပြီး ပုံ(၁) မှာ ပြထားတဲ့အတိုင်း ဖွင့်လိုက်ပါ။
ဖွင့်လိုက်ပြီးတဲ့အခါ အခုလို ပုံလေး ပေါ်လာပါလိမ့်မယ်။
refresh ကို နှိပ်ပေးပါ။ တစ်ခါမှ moborobo နဲ့ မချိတ်ဆက်ဘူးသေးတဲ့ ဖုန်းဆို အနည်းငယ် ကြာပါမယ်။ တစ်ခု ရှိပါတယ်။ ချိတ်ဆက်နိုင်ဖို့ရန်အတွက် သင့်ဖုန်းထဲတွင်။
Setting>>>>Application>>>> Unknown Source ကို အမှန်ခြစ်ပေးထားပါ။
Setting>>>>Application>>>>Development>>>>USB Debugging ကိုလည်း On ထားပါ။
ပုံများတွင် ပြထားသည့်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ folder တစ်ခုထဲအတွင်းမှ apk များကို ရွေးခြယ် သွင်းချင်လျှင် Keyboard မှ ctrl ကို နှိပ်ပြီး ရွေးခြယ်နိုင်ပါတယ်။

Saturday, August 18, 2012
Android သမားတွေ လက်ဖျားက Zapya apk
Android သမားတွေက အရင်က ဖိုင်တွေ apk တွေကို Bluetooth နဲ့ Share ကျတယ်။ ဒါတောင် apk Share တဲ့နေရာမှာ သိပ်မလွယ်ဘူး။ Backup လုပ်ပြီးမှ ပြန် Share ကြရတယ်။ ခု ဒီ apk လေး ပေါ်လာတော့ အားလုံးအလွယ်တကူပဲ အဆင်ပြေပါတယ်။ သူ့ အလုပ်လုပ်ပုံက Bluetooth နဲ့ဆင်ပေမယ့် Bluetooth Network နဲ့ သွားတာမဟုတ်တော့ပါဘူး။ သူက Wifi network နဲ့ သွားတာပါ။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ပို့ကြပြီဆိုရင် တစ်ယောက်က WiFi ထောင်ထားတယ် နောက်တစ်ယောက်က ဖမ်းသုံးမယ်ပေါ့။ Tethering wifi hotspotမရတဲ့ ဖုန်းတွေ ဆိုရင်တော့ ထောင်လို့မရဘူးပေါ့။ ခု Zapya.apk လေးကို အရင်ဆုံးဒေါင်းလိုက်ပါ။
ဒီနေရာကိုနှိပ်ပါ...
ပြီးရင် ဖုန်းထဲမှာ Install လုပ်မယ်။ zapya ကိုဖွင့်လိုက်မယ်။ သူပြောတဲ့အတိုင်း အမည်တွေဘာတွေထဲ့ ဓါတ်ပုံပါ ထဲ့ချင်သပဆိုလည်း ပုံပါထဲ့ထားလိုက်ပါ။
အခြားဖုန်းတစ်လုံးနဲ့ ချိတ်ဆက်ပါမယ်။
ပုံမှာပြထားသလိုလေး connect to friend ဆိုတာလေးကိုနှိပ်လိုက်ပါ။
ပြီးရင်တော့ ထောင်မယ့်လူဆိုရင် နံပါတ်(၁)Create Network
ယူသုံးမယ့်သူဆိုရင် နံပါတ်(၂) Search Network ပါ။
တစ်လုံးနဲ့တစ်လုံးချိတ်မိပြီဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ apk .movies,photos တွေကို ခုလိုပဲ ဆွဲထဲ့လိုက်ပါတော့။
လုပ်ချင်တာတွေလုပ်ပြီးလို့ပြန်ထွက်တော့မယ်ဆိုရင်တော့ ဖုန်းရဲ့ Menu Key ကိုနှိပ်ပြီး exit ဆိုတာလေးတော့ ရွေးပြီးထွက်ပါ။
ခုဆိုရင် သင့်ဖုန်းကို Samsung Galaxy S3 ရဲ့ Functionလေးတစ်ခုလို သုံးတတ်သွားပြီလို့မျှော်လင့်ပါတယ်။

Monday, August 13, 2012
Myanmar font for SAMSUNG GALAXY
Samsung ဖုန်းတွေကို လူသုံးလည်းများတယ်။ မြန်မာစာအတွက်လည်း လွယ်ကူတယ်ဆိုတော့ မြန်မာဖောင့်ထဲ့နည်းလေး ပြောပြချင်ပါတယ်။ သိတဲ့သူတွေများပေမယ့် မသိတဲ့သူကျတော့ Service ဆိုင်မှာ လုပ်နေရလို့ပါ။ ကျွန်တော့် အသိတစ်ယောက်က Samsung Galaxy Note လေးဝယ်ပြီး အဲ့လိုပဲ မြန်မာစာ ထဲ့တော့ ဆိုင်က root လုပ်ရမယ်ဆိုပြီး 15000 တောင်တောင်းလိုက်တယ်ဗျ။ ပြီးတော့ တကယ်လည်း root မလုပ်ထားပါဘူး ။ Super user လို့ခေါ်တဲ့ အရိုးခေါင်းလေးလည်း မတွေ့ပါဘူး။ root မလုပ်ပဲ ထဲ့ရင် 8000 ကျမယ်တဲ့ဗျာ။ အဲ့တော့ ခုလိုမျိုး ငွေကုန်ကြေးကျမများအောင် ကူညီပေးချင်လို့ပါ။
ပထမဆုံးအနေနဲ့ zip ဖိုင်လေး တစ်ဖိုင်ကို ဒေါင်းလုပ်ဆွဲရပါမယ်။ အောက်က လင့်ခ်မှာ ဆွဲနိုင်ပါတယ်။
Myanmar font အတွက် zip file
(ဒီနေရာမှာ ဒေါင်းပါ)
ပြီးရင်တော့ အဲ့ဒီ ဒေါင်းထားတဲ့ ဖိုင်လေးကို ဖြည်လိုက်ပါ။ ဖိုင်ထဲမှာပါတဲ့ .apk သုံးခုလုံးကို သင့်ဖုန်းမှာ သွင်းလိုက်ပါ။
အားလုံးပြီးသွားရင်တော့ ဖုန်းထဲမှာ ပြင်ဆင်မှုများပြုလုပ်ရပါမယ်။
၁။ Setting>>>>Display>>>Font Style>>>>Zawgyi one.... ကိုနှိပ်ပါ။ reset now / reset later လို့ပေါ်လာရင် reset now ကိုရွေးလိုက်ပါ။ ဖုန်းကို ပိတ်သွားပါလိမ့်မယ်။ ပြီးရင် သူ့အလိုလိုပြန်တက်လာပါလိမ့်မယ်။
၂။ မြန်မာ လို ရိုက်လို့ရအောင် ပြင်ဆင်ရမှာတော့
Setting>>>>Application>>>>Manage application>>>>Frozen Keyboard ကိုနှိပ်ပါ။ ပေါ်လာတဲ့ထဲကနေ Move to Phone ဆိုသာကိုရွေးပါ။ (ဖုန်းပိတ်ပြီး ပြန်ဖွင့်လည်း ပြောင်းလှဲမှု ထပ်မလုပ်ရအောင်လို့ပါ)
ထပ်ပြီး Setting>>>>Language and Text ထဲက Frozen Keyboard ကို အမှန်ခြစ်လေးပေးပါ။ OK ကိုနှိပ်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ သင့် Samsung Galaxyဖုန်းလေးဟာ မြန်မာလိုရိုက်လို့ရပြီး မြန်မာလို ဖတ်လို့ရပါပြီ။
Credit to MMAS & MMUG.
We are Myanmar Mobile User, We love Sharing!
Monday, August 6, 2012
Huawei Honor(U8860)ကို version 2.3.6(gingerbread) မှာ root ရအောင်
MMUG မှာ ကျွန်တော် တင်ထားတဲ့ Doc လေးကို ပြန်တင်ပေးထားတာပါ။ (credit to MMUG & MMAS)
Huawei Honor (U8860) ကို လူသုံးများလာတယ်။ သူက ပုံစံလေးကလည်း ခက်မိုက်မိုက်ဆိုတော့ လူကြိုက်များကြတယ်လေ။ ICS ကို မြင့်ရင်လည်း အဆင်ပြေတယ်ဆိုတော့ လူကြိုက်ပိုများတာ။
ICS မမြင့်ပဲ 2.3.6 မှာပဲ အသုံးပြုချင်သူများကို root နည်းလေး သိသလောက်ပြောပြလိုက်ပရစေ။
နည်းက နှစ်နည်း ရှိတယ်။
(၁) super one click နဲ့ root နည်း။
(၂) CWM recovery ကနေ root နည်း တို့ဖြစ်၏။ :D
(၁) super one click ဖြင့် root နည်း
====================
ပထမဦးဆုံး download ချရမယ့် Link လေးကိုပေးမယ်။ အဲ့ကောင်လေးကို Down လိုက်နော်။။။
(http://www.mediafire.com/?hql30g7y5fgfv97)
ရလာတဲ့ rar ဖိုင်လေးကို ဖြည်လိုက်ခင်ဗျ။။ Password က (L5T) ။
ဖြည်လို့ရတဲ့ dload ဖိုင်လေးကို SD card ထဲ ကူးထဲ့လိုက်။
ပြီးရင်တော့ setting >>> application >>>> fast boot က အမှန်ခြစ်လေးကို ဖြုတ်ထားလိုက်ပ။
ဖုန်းကို ပိတ်လိုက်ပ။။(ရေးချ နဲ့ ၀ဆွှဲ ရေးမရလို့ စာလုံးပေါ်င်းမှားနေတယ်ခင်ဗျ .. Keyboard က g မမိလို့)
Power + vol up + vol down ကိုနှိပ်ပ။ ခဏတော့ ကြာနေပ မယ်။
ပြန်တက်လာရင် dail pad ကနေ *#*#2846579#*#* ကိုနှိပ်ပ။ background setting >>>> log switch ကို On လိုက်ပ ။ ဖုန်းကို reboot လုပ်ပ။ ပြီးရင်တော့ super one click နဲ့ root လိုက်ပေတော့။ super one click မရှိသေးသူများ down စရာ လင့်က (http://superoneclick.en.malavida.com/download)
(၂) CWM recovery ကနေ root နည်း
=============================
ပထမဆုံး http://android.7droid.net/?http://dl.dropbox.com/u/26478211/recovery-u8860-en.img ကို Down လိုက်ပ။
ပြီးရင် SD Card ထဲမှာ dload folder ရှိရင် ဖျက်လိုက်ပ။ ဖုန်းကို ပိတ်လိုက်ပ။
Power + vol up + vol down ကိုနှိပ်ပ။ screen ပန်းရောင်ဖြစ်နေပမယ်။ ဒီအချိန်မှာ USB ကြိုးနဲ့ computer မှာ ချိတ်လိုက်ပ။ ပေါ်လာတဲ့ folder ထဲက recovery.img ကို oldrecovery.img လို့ပြောင်းလိုက်ပ။ ပြီးရင်တော့ အဲ့ထဲမှာ ပဲ စောစောက down ထားတဲ့ recovery.img ကို ကူးထဲ့လိုက်ပ။
ဖုန်းကို computer ကနေဖြုတ်ပြီး ခဏနေရင်(10sec)battery ဖြုတ်လိုက်ပ။
(http://android.7droid.net/?http://www.mediafire.com/?burku15l62eb4te) ကနေ rar file လေးကို down လိုက်ပ။ SD Card ထဲ ထဲ့ ထားပ။
ပြန်တပ်ပြီးရင် Power + vol up ကို နှိပ်ပြီး recovery mode ကို ၀င်ပ။ CWM ထဲရောက်ပမယ်။ Install update from SD card ကို ရွှေးပ။ စောစောက down ထားတဲ့ rar file ကို ရွှေးပ။ Yes လို့ လုပ်ပြီးတာ နဲ့ သူ့အလုပ်သူလုပ်နေပမယ်။ အားလုံးပြီးရင် reboot လုပ်လိုက်ပ။ သင့်ဖုန်းက root ပြီးသားဖြစ်နေပမယ်။
အခုတင်ပြတဲ့ နှစ်နည်းလုံး အဆင်ပြေပတယ်။ သုံးကြည့်ပခင်ဗျာ။ ။
အဆင်ပြေကြပစေ။
We are MMAS & MMUG , we love sharing !

ICS for U8800 pro
အစအဆုံး official တင်တာမဟုတ်ပါဘူး custom rom ပါ ။ firmware ကို flash လုပ်သလိုမျိုးပါပဲ။ root လုပ်ပြီးထားတဲ့ ဖုန်းတွေပဲ သုံးလို့ရမှာပါ။
အဆင့်ဆင့်ကို မှန်ကန်အာင်လုပ်သွားလိုက်ပါ။ ဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်။
၁... အရင်ဆုံး ဖုန်းကို root လုပ်ထားရပါမယ်။ U8800 ကို root ချင်ရင်တော့ super one click နဲ့ အဆင်ပြေဆုံးပါ။ Dail pad ကနေပြီး *#*#2846579#*#* ကို နှိပ်ပြီး background setting >>> log switch ကို On ပေးထားပါ။ ပြီးရင် ဖုန်းကို reset ချပြီး ပြန်ဖွင့်ပါ။ ပြီးရင်တော့ super one click နဲ့ root လို့ရပါပြီ။ super one click မရှိသူတွေ ကတော့ ဒီမှာ ဒေါင်းလိုက်ပါ။ download super one click
အရေးကြီးတဲ့ အရာတွေအားလုံးကို backup လုပ်ထားပါ။
၂.... ပြီးရင်တော့ ပထမဆုံး CWM တင်ပါ။ CWM တင်ဖို့အတွက် အရင်ဆုံး ဒီနေရာမှာသွားပြီး recovery.img လေးကိုဆွဲလိုက်ပါ။
http://205.196.122.153/su69n9xicomg/od4iym44ladqhng/recovery.img
၃.... ပြီးရင် ကွန်ပျူတာမှ တဆင့် ဆွဲလို့ရလာတဲ့ recovery.img လေးကို SD card ထဲထည့်ပါ။
ဆက်ပြီးသွားရမှာက root exploer ထဲကိုပါ။ root exploer ထဲရောက်ရင် new folder တစ်ခုဆောက်လိုက်ပါ။ ဆောက်ရမယ့် နာမည်က .cust-backup/image ပါ။ ပြီးရင် အဲ့ထဲမှာပဲ SD card ထဲမှာ ရှိတဲ့ recovery.img လေးကို ကူးလာပြီး ခုနက အသစ်လုပ်ထားတဲ့ .cust-backup/image ထဲ replace လုပ်လိုက်ပါ။ ပြီးရင် setting >>>> application>>> fast boot က အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို ပိတ်လိုက်ပါ။ ဖုန်းကိုပြန်ဖွင့်ရင် Power buttom+Volume up ကိုတွဲနှိပ်ပါ။ CWM ထဲရောက်သွားပါလိမ့်မယ်။။ ပထမအဆင့်ပြီးပါပြီ။
၎ .... ဒါလေးကိုဒေါင်းလိုက်ပါ။
http://nchc.dl.sourceforge.net/project/icsaurora/aurora_4.0.zip
၅... ဒေါင်းလို့ရတဲ့ Zip ကို SD card ထဲထည့်လိုက်ပါ။
၆.... CWM ထဲကိုဝင်ပါ။
backup and restore ထဲမှာ backup လုပ်လိုက်ပါ။ အမှားအယွင်းတစ်ခုခုရှိခဲ့ရင် ကယ်ဖို့ပေါ့ :D
Go back နဲ့ပြန်ထွက်ပါ။ ပြီးရင် mount ထဲဝင်ပါ။ format Data,format Cache,format System တွေလုပ်ပါ။
ပြီးရင်ဆက်လုပ်ရမှာ က advenced ထဲက wipe devil cache လုပ်ပါ။
Go back နဲ့ အပြင်ပြန်ထွက်ပြီး Install SD card.zip ထဲဝင်ပါ။ ပြီးရင် choose Zip from SD ထဲဝင်ပြီး aurora4.0.zip ကိုရွေးပေးလိုက်ပါ။ သူ့ဟာသူ အလုပ်လုပ်သွားပြီးရင်တော့ U8800 ဟာ ICS ကို ရောက်သွားပါလိမ့်မယ်။ ICS 4.0.4 ဖြစ်ပါလိမ့်မယ်။ root ပြီးသားဆိုတော့ မြန်မာဖောင့်အတွက်က စိတ်မပူရတော့ဘူးပေါ့။ အဆင်ပြေကြပါစေ

Internet Download Manager For PC
လက်ရှိသုံးနေတဲ့ အင်တာနက်ကော်နက်ရှင်က နည်းနေလို့ပဲဖြစ်ဖြစ် ၊ ဒေါင်းရမယ့် file size က အကြီးကြီးဖြစ်နေလို့ တစ်ရက်နည်းနည်းပဲ ဆွဲချင်ပါတယ် ဆိုတဲ့ သူတွေနဲ့ အဆင်ပြေမယ့် IDM ပါ။ ပထမဆုံး IDM လေးကို ဒေါင်းလိုက်ပါ။ Mediafire link ဖြစ်လို့ ဒေါင်းရတာ လွယ်ပါတယ်။
IDM ကိုဒေါင်းရန်
ဒေါင်းပြီးပြီဆိုရင်တော့ ဆက်လုပ်ရမှာက ဒေါင်းလို့ရတဲ့ Rar လေးကို ဖြည်လိုက်ပါ။ ပြီးရင် IDM_6.07_Build3_Silent_Installer.exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ Yes / No ဆိုပြီးပေါ်လာမယ် Yes ကိုနှိပ်ပါ။ Configuration ဆိုတဲ့ ဟာလေးပေါ်လာရင် ဘာမှ မပြောင်းပါဘူး Ok ပဲ။ ဆက်ပြီး ပေါ်လာတဲ့ Ok ကိုပဲ နှိပ်လိုက်ပါ။ ပြီးရင်လည်း OK. Browser ပွင့်လာမယ်။ ဘာမှ မလုပ်ပဲ ပိတ်လိုက်ပါ။ IDM တက်လာရင်တော့ next tip ကိုမယူပဲ close ကို နှိပ်ပြီး သုံးလို့ရပါပြီ။ Add URL နေရာမှာ ကို ဒေါင်းမယ့် လင့်ခ်ကို ထဲ့ပြီး ဒေါင်းလိုက်ပါတော့။ ဒေါင်းပြီးသားဖိုင်တွေက my document ထဲက downloads ဆိုတဲ့ folder တွေထဲမှာ ရောက်ပါမယ်။ ကို လိုချင်တဲ့ နေရာကို ကူးပြိး ရွေ့ထားလိုက်ပါ ။ မဟုတ်ရင် windows ပျက်ရင်ပါသွားမှာ ဆိုးလို့ပါ။ ။
Tamanoo(PC Clinic - IT Center)
Computer and Smart Phone
Sale, Service & Training
09-402522650

Wednesday, July 4, 2012
Saturday, June 30, 2012
internet အသုံးပြုသူတွေအတွက် browser apk များ
Android |
IM+Pro
Facebook for android
Dolphin Browser
Youtube downloader
1mobile
Tango
Opeara Mini
Subscribe to:
Posts (Atom)